တရုတ်က မြေရှားသတ္တု ကန့်သတ်လိုက်လို့ ထရမ့်က တရုတ်အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်မယ်လို့ ခြိမ်းခြောက်
အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က လာမည့်နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်သွင်းကုန်တွေ အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ ကနေ မြေရှားသတ္တု (rare earths) ပို့ကုန် စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့ အတွက် ဒါကို တရုတ်အနေနဲ့ “အလွန် ရန်လိုလာ နေတယ်” လို့ ထရမ့်က စွပ်စွဲကာ ကမ္ဘာကို “ချုပ်ကိုင်ဖို့” ကြိုးပမ်း နေတယ်လို့ သောကြာနေ့မှာ ဆိုရှယ်မီဒီယာကနေ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံမယ့် အစည်းအဝေး ကနေ နုတ်ထွက် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဖျက်သိမ်းခြင်း