UTheinNaing

ပြည်တွင်း

မြန်မာစာ ဆရာ ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန်

နိုဝင်ဘာ ၂၅ – ၂၀၂၅ မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ၊ မနက် ၅ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အသက် ၈၉ နှစ်အရွယ် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ရန်ကုန်ရှိ သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ ၃ နာရီအချိန် ရေဝေးသုဿန်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေအိမ်မှာ ချော်လဲကာ လည်ပင်းနောက်ပိုင်း ကျောရိုး ကျိုးသွားခဲ့တာကြောင့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့် အဲဒီဒဏ်ရာတွေကြောင့်ပဲ ရောဂါဝေဒနာ ခံစားခံရပြီး ကွယ်လွန်သွားရတာ

Read More