သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
ဧပြီ ၃ – ၂၀၂၆ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ အဖြစ် မဲပေး ရွေးချယ် လိုက်တဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ———————- ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ မင်းအောင်လှိုင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရကြောင်းကို ဝမ်းမြောက်စွာ ကြားသိရပါသည်။ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “၀” ပြည်နယ် ပြည်သူ့အစိုးရ၊ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်နှင့် “၀” ပြည်နယ် ရှိ ပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ သမ္မတကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ
