သတင်းထောက် အမျိုးသမီး မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်၊ ဖမ်းဆီးတာမဟုတ်ဘူးလို့ AA ပြော
စက်တင်ဘာ ၂၃ – ၂၀၂၅ Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို အာရက္ခတပ်တော် AA ကနေ ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ဒါဟာ ဖမ်းဆီးတာ မဟုတ်ဘဲ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ က ဒီကနေ့ ပြောကြားလိုက် ပါတယ်။ “ဒီသတင်းထောက်အမျိုးသမီးဟာ စစ်ပွဲကာလ လိုက်နာရမယ့် စည်းဘောင် တွေ ကျော်ပြီးတော့ အများပြည်သူလုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေလုပ်တဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့ စောင့်ကြည့်နေတာ ကြာပါပြီ။ အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူ စိစစ်ဖို့ လိုအပ် တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ ခေါ်ယူ စိစစ်နေတာသာ