ဧပြီ ၁၂ – ၂၀၂၆
–
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်
၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလ
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုပါသည်။
သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေး တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက် ယိုယွင်းလျက် ရှိသော်လည်း အဆိုပါ အကျပ်အတည်းများ အဆုံးသတ်စေရေး အတွက် ကူညီပံ့ပိုးပေးရန် အမေရိကန် ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားပါသည်။
မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး ဖြစ်ပါသည်။
သင်္ကြန်၏ အနှစ်သာရက မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့် အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက် အသစ်များ ရရှိပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
—————————
THN Public Media
