THN Public Media Blog Sport ကမ္ဘာ့ဖလားပွဲ ထိုင်းမှာ ပြသခွင့်ရပြီ
Sport

ကမ္ဘာ့ဖလားပွဲ ထိုင်းမှာ ပြသခွင့်ရပြီ

ဇွန် ၁၁ – ၂၀၂၆

၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲ မစခင် နာရီပိုင်းမှာပဲ ထိုင်းနိုင်ငံက Jasmine International Plc JAS ဟာ ကမ္ဘာ့ဖလားပွဲစဥ်တွေကို ထိုင်းနိုင်ငံမှာ ပြသဖို့ မူပိုင်ခွင့်ကို တရားဝင် ရရှိသွားခဲ့ပြီး၊ ပွဲစဉ် ၁၀၄ ပွဲစလုံးကို ဘောလုံး ပရိသတ်တွေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

MONOMAX အသုံးပြုသူတွေ အနေနဲ့ လက်ရှိ ရှိပြီးသား packages တွေကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ အခုမှ MONOMAX သုံးမယ့် လူသစ် တွေလည်း ပုံမှန် အစီအစဉ် Standard plans တွေကနေ ကြည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် JAS ဟာ အဖွင့်ပွဲစဉ်နဲ့ ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို အခမဲ့ ပြသတဲ့ Free TV လိုင်းတွေနဲ့ပါ မူပိုင်ခွင့် ခွဲဝေပြီး ပြသသွားဖို့ စီစဉ်ထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ကျင်းပသွား မှာ ဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ အသင်းပေါင်း ၄၈ သင်း ပါဝင်ပြီး စုစုပေါင်း ပွဲစဉ် ၁၀၄ ပွဲ အထိ ရှိတာကြောင့် သမိုင်းတလျှောက် အကြီးဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာမှာပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version