ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဒီ အောက်တိုဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေး ကနေ ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
ဒီအတွက် ဦးဇော်ဇော် အနေနဲ့ ၂၀၂၅ ကနေ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီ လုပ်ငန်းကော်မတီမှာ ဒုတိယဥက္ကဋ္ဌ အဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမား တဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မှာ ဖြစ်ပြီး ကော်မတီမှာ အဖွဲ့ဝင် (၂၁) ဦး ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ဦးဇော်ဇော်ဟာ အာရှဘောလုံး အဖွဲ့ချုပ် AFC အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်ပြီး အာရှဘောလုံး အဖွဲ့ချုပ် လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ AFC Dream Asia Foundation ရဲ့ Board of Trustees တဦး အဖြစ် ၂၀၂၃ ကနေ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ဒါ့အပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံး အဖွဲ့ချုပ်တို့က ချီးမြှင့်တဲ့ AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) တို့ကို ရရှိထားသူ ဖြစ်ပါတယ်။