‘’စစ်ဘေးစစ်ဒဏ်တွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင်… အစပြု ဖွဲ့စည်း…’’
‘’တပ်မတော် အနေနဲ့… နိုင်ငံအကျိုးကို ရှေ့ရှုပြီး… ပိုပြီးတော့ စိတ်နေ သဘောထား ကြီးဖို့…’’
ဗိုလ်မှူးချုပ် စောကျော်ညွန့် (KNPBC ဒုဥက္ကဌ – ၂)
ကရင်အင်အားစုတွေ အဖွဲ့အစည်းတွေ ရပ်မိရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ပြည်တွင်း နိုင်ငံရေးပါတီတွေ စုစည်းပြီး ‘’ကရင်အမျိုးသား ငြိမ်းချမ်းရေးတည်ဆောက်မှု ကော်မတီ’’ KNPBC ကို ဧပြီလ ၈ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး က နာယက ဖြစ်ပြီး KNA ဗိုလ်ချုပ်စောချစ်သူ က ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် ဒီ ငြိမ်းချမ်းရေး ကော်မတီမှာ ကနဦး အနေနဲ့ ခေါင်းဆောင် ၇၇ ဦးပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ပါဝင်ခြင်း မရှိသလို ဗိုလ်ချုပ်နယ်ဒါးမြ ရဲ့ KTLA လည်း မပါဝင်ပါ။
ဒီတော့ အခုလို ငြိမ်းချမ်းရေး ကော်မတီက ဘာတွေကို ရည်ရွယ် ဆောင်ရွက်မှာလဲ…
KNU KTLA တို့ ဘာလို့ မပါဝင်တာလဲ အပါဝင်
KNPBC ဘာလဲ ဘယ်လဲ’’ ဆိုတာကို အဖွဲ့ ဒုဥက္ကဌ ၂ ဖြစ်သူ ဗိုလ်မှူးချုပ် စောကျော်ညွန့်ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
