နိုင်ငံရေး

ကော်သူးလေပဋိညာဥ် အတည်ပြု၊ ကောင်သူးလေ အုပ်ချုပ်ရေးကောင်စီ နဲ့ ကောင်သူးလေ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း

ဧပြီ ၁၀ – ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး KNU ကနေ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေ အတိုင်ပင်ခံ ကောင်စီ နဲ့ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးစီးကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကော်သူးလေ အတွက် စာမျက်နှာ အသစ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းနဲ့ ကော်သူးလေပဋိညာဉ်ကို အခြေပြုပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီ နည်းလမ်း တကျ ဆက်လက် အကောင် အထည် ဖော်သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *