နိုင်ငံရေး ပြည်တွင်း

ကျပ်ငွေ ဘီလီယံ ၅၀၀၀ ကျော် ငလျင်အတွက် ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကော်မရှင် ဥက္ကဌ ပြော

မတ်လ ၂၈ – ၂၀၂၆

မြန်မာနိုင်ငံမှာ လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့တဲ့ မြေငလျင်ကြီး လှုပ်ခတ် ခဲ့တာ ၁ နှစ် ပြည့် နေပြည်တော်မှာ အခမ်းအနားမှာ စစ်ကော်မရှင် ဥက္ကဌ ငလျင်ဘေး အတွက် ကျပ်ငွေ ဘီလီယံ ၅၀၀၀ ကျော် ထောက်ပံ့ ပေးခဲ့တယ်လို့ ပြောကြား သွားပါတယ်။

ထိခိုက် သေဆုံးသူတွေ အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀၀ ကျော် ဖြစ်ပြီး အဆောက် အဦးတွေ ပြန်လည်ပြုပြင် တည်ဆောက်ရေး အတွက် ကျပ်ငွေ ၃၄၂၁.၉၇၅ ဘီလီယံ ကျော် ထောက်ပံ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် သေဆုံးသူ ၃၈၁၈ ဦး ဒဏ်ရာရှိသူ ၅၁၂၉ ဦး နဲ့ ပျောက်ဆုံး သူ ၅ ဦး ရှိခဲ့ကြောင်း ပြောကြား သွားပါတယ်။

လူဦးရေပေါင်း ၂ သန်းကျော်ကို ယာယီ ပြောင်းရွှေ့ပေးခဲ့ရပြီး ပျက်စီး ဆုံးရှုံးမှု ကျပ်ငွေ ၇၉၇၉ ဘီလီယံ ရှိခဲ့ပါတယ်။

နိုင်ငံတကာ အကူအညီ အနေနဲ့ ၂၆ နိုင်ငံကနေ ကူညီကယ်ဆယ်ရေးပစ္စည်း ၃၁၀၉ တန် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကနေ ၁၆၆၁. ၃၂၁ တန် ပစ္စည်း တွေ ပေးပို့ လှူဒါန်းခဲ့ကြတယ်လို့ပြောကြားသွားခဲ့ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *