မြန်မာနိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု ဆိုင်ရာ လုပ်ရပ် တွေ (ကျားဖျန့်) အပေါ် မကြာသေးမီက နိုင်ငံတကာရဲ့ အာရုံစိုက်၊ တိုးမြှင့် အရေးယူ ဆောင်ရွက်မှုတွေ ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ မဟာမိတ်တွေ ဖြစ်တဲ့ KNPP KNU CNF ABSDF NMSP WLB တို့ရဲ့ ၂၀၂၅ ဇန်နဝါရီလ ဆိုက်ဘာဆိုင်ရာ အကျပ်အတည်း ပူးတွဲ ကြေညာချက်နဲ့ ဆက်စပ်နေတယ်လို့ NUG က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန် ရဲ့ Scam Center Strike Force ကျားဖျန့် နှိမ်နင်းရေး တပ်ဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ရာဇဝတ် အဖွဲ့တွေကို ဒဏ်ခတ် ပိတ်ဆို့တာတွေ အပေါ် ကျေးဇူး တင်တယ်လို့ NUG က ဆိုပါတယ်။
NUG အနေနဲ့ မြန်မာ နိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု အမြစ်ဖြတ်ရေး နဲ့ ထိခိုက် သူတွေကို ကူညီပေးဖို့ ERO တွေနဲ့ အတူ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းဆောင်ရွက် သွားမယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media


