နိုင်ငံတကာ

ကျားဖျန့်/အွန်လိုင်းလောင်းကစား ခေါင်းဆောင်လို့ သံသယရှိသူ သူဌေးကြီး ရှီကျီကျန်း ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်

Chinese businessman She Zhijiang (2nd R) is escorted by Royal Thai Police out of the Suvarnabhumi Airport Police Station in Bangkok on November 12, 2025, before being extradited to China. A Chinese tycoon linked to a hugely lucrative scam hub in Myanmar was extradited from Thailand to China on November 12, a police official in Bangkok told AFP. (Photo by Chanakarn Laosarakham / AFP) (Photo by CHANAKARN LAOSARAKHAM/AFP via Getty Images)

နိုဝင်ဘာ ၁၂ – ၂၀၂၅

မြဝတီ ရွှေကုက္ကို စီမံကိန်း အဓိက ရင်းနှီးမြှုပ်နှံသူ၊ ကျားဖျန့်/အွန်လိုင်း လောင်းကစား ခေါင်းဆောင်လို့ သံသယရှိပြီး တရုတ်နိုင်ငံက အလိုရှိနေတဲ့ ရှီကျီကျန်း ကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ Klong Prem ဗဟို အကျဉ်းထောင် ကနေ သုဝဏ္ဏဘူမိ လေဆိပ် ကတဆင့် တရုတ်နိုင်ငံကို ဒီကနေ့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသား ခံယူထားတဲ့ ရှီကျီကျန်း ကို ထိုင်းဒုရဲချုပ် Pol Lt Gen Jirabhop Bhuridej ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က လေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။

တရုတ်အစိုးရက ရှီကျီကျန်း ကို တရုတ်နိုင်ငံမှာ တရားစွဲဆိုဖို့ ဖမ်းဆီး လွှဲပြောင်း ပေးအပ်ရန် တောင်းဆိုခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ သူ့ကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ကနေ အခုလို လွှဲပြောင်းပေးအပ်မှု အတွက် အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတွေကို နှိမ်နင်းရာမှာ တရုတ်နိုင်ငံက ထိုင်းနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှီကျီကျန်း ကို ထိုင်းအချိန် ညနေ ၄:၂၀ နာရီမှာ သုဝဏ္ဏဘူမိလေဆိပ် ကနေ တရုတ်နိုင်ငံကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။

ရှီကျီကျန်း ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်၊ ရွှေကုက္ကို စီးပွားရေး အထူးဇုန် မှာ လောင်းကစားရုံတွေနဲ့ အွန်လိုင်း လောင်းကစား လုပ်ငန်း တွေကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ လောင်းကစားဝင်းတွေမှာ ကျားဖျန့် လိမ်လည်ဂိုဏ်းတွေ ပါဝင် ကြောင်း Pol Lt Gen Jirabhop က ပြောကြားပါတယ်။

သူဟာ ရွှေကုက္ကိုမှာ သြဇာကြီးမားသူဖြစ်ပြီး ဒေသခံ ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

ရွှေကုက္ကို အထူးစီးပွားရေးဇုန်ရှိ မြန်မာနိုင်ငံ “Asia-Pacific New City” စီမံကိန်း နောက်ကွယ်က အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး ကာစီနို နှစ်ခုကို ပူးတွဲ ပိုင်ဆိုင်ကာ လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘောဒီးယား မှာလည်း ‌ကော်လ်စင်တာ လိမ်လည်တဲ့ ဂိုဏ်းတွေကို လုပ်ကိုင် နေသူ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေက ရှီကျီကျန်း ဟာ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက် တွေကို စီမံခန့်ခွဲခဲ့ပြီး အသုံးပြုသူ ၃၃၀၀၀၀ ကျော် ရှိကာ ငွေကြေး ဆုံးရှုံးမှု ယွမ် ၁၅၀ သန်းကျော် ဖြစ်ပေါ်စေခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

မစ္စတာ ရှီကျီကျန်း ဟာ တရုတ်နိုင်ငံကို မလွှဲပြောင်းရေး အတွက် အယူခံ အဆင့်ဆင့် ဝင်ပေမယ့် ထိုင်း တရားရုံးတွေက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Ref: bangkok post

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *