War နိုင်ငံရေး

ကျောက်တော် ဂွ နဲ့ ကျိန္တလီ မြို့တွေကို စစ်တပ် လေကြောင်းဗုံးကြဲလို့ အရပ်သားတွေ သေဆုံးကြောင်း AA ထုတ်ပြန်

ဇွန် ၁၈ – ၂၀၂၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို မနေ့ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ လောက် စစ်တပ်ကနေ ဂျက်ဖိုက်တာ ၄ စင်းနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့လို့ လူနေ ရပ်ကွက်တွေနဲ့ လမ်းမတော် ကျေးရွာ ဈေးဆိုင်တန်း တို့ကို ထိမှန်ခဲ့ ရာ (၄) နှစ် အရွယ် ကလေးငယ် တဦးအပါအဝင် အရပ်သား (၈) ဦး သေဆုံး ခဲ့ပြီး (၁၉) ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ အပါအဝင် အဆောက်အအုံ (၃၀) လောက် မီးလောင် ပျက်စီး ဆုံးရှုးခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။

ပထမ တကြိမ် ဗုံးကြဲရာမှာ နေရာ ၅ ခုကို (၅) ခုကို Rocket သီး (၁၃) လုံး၊ ပေါင် (၅၀၀) ဗုံး (၃) လုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒုတိယအကြိမ်မှာလည်း ဂျက်ဖိုက်တာ (၂) စီးနဲ့ ကျောက်တော်မြို့ လမ်းမတော် ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တဝိုက် ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံး နဲ့ Rocket သီး (၂) လုံး တို့နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဂွမြိုနယ်၊ ကျိန္တလီမြို့ ရမ္မာကျွန်းကျေးရွာကိုတော့ ဇွန်လ ၁၅ ရက်နေ့၊ ည ၇ နာရီ ၁၅ မိနစ် အချိန်မှာ ဗုံးကြဲခဲ့လို့ အရပ်သား (၂) ဦးသေဆုံး ကာ (၄) ဦး ထိခိုက် ဒဏ်ရာများ ရရှိပြီး လူနေအိမ်တချို ပျက်စီးသွားခဲ့ရပါတယ်။

ဇွန် ၁၄ ရက်နေ့ ည (၁၂) နာရီ မှာလည်း ဂွမြို့နယ်မှာ ဗုံးကြဲခဲ့လို့ အရပ်သား တဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးကာ နွားတကောင် သေဆုံးခဲ့သလို တခြားနွားတကောင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *