THN Public Media Blog သတင်း နိုင်ငံရေး ‘’ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်’’ ရက်ပေါင်း ၁၀၀ အတွင်း EAO တွေနဲ့ ဆွေးနွေးဖို့၊ PDF တွေပြန်လာကြဖို့ ဖိတ်ခေါ်
နိုင်ငံရေး

‘’ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်’’ ရက်ပေါင်း ၁၀၀ အတွင်း EAO တွေနဲ့ ဆွေးနွေးဖို့၊ PDF တွေပြန်လာကြဖို့ ဖိတ်ခေါ်

ဧပြီ ၂၀ – ၂၀၂၆

စစ်တပ်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရသစ် ရဲ့ ‘’ရက်ပေါင်း ၁၀၀ လုပ်ငန်း’’ အစည်း အဝေးမှာ သမ္မတသစ် ဦးမင်းအောင်လှိုင် က ‘’ကျွန်တော်တို့လည်း ငြိမ်းချမ်းရေး လိုချင်ပါတယ်’’ ဆိုပြီး ရက်ပေါင်း ၁၀၀ အတွင်း EAO တွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် PDF တွေလည်း ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး အတွက် ပြန်လာကြပါလို့ သူက ပြောကြားသွားပါတယ်။

NCA လက်မှတ်ထိုးပြီးတော့ ၅ နှစ်အတွင်း တွေ့ဆုံခြင်းမရှိသေးတဲ့ KNU CNF ABSDF တို့လည်း ဖိတ်ခေါ်ကြောင်း၊ NCA လက်မှတ်ထိုးသည် ဖြစ်စေ မထိုးသည်ဖြစ်စေ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ် လိုက်တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version