အမေရိကန်ပြည်ထောင်စု လတ်ဗီးဂက်စ် မှာ ကျင်းပတဲ့ ကမ္ဘာ့သိုင်းပေါင်းစုံ အားကစား (MMA) အကြီးဆုံးပွဲ ဖြစ်တဲ့ UFC ရဲ့ flyweight (အပေါ့ဆုံးတန်း) ချန်ပီယံ ခါးပတ် လုပွဲမှာ ချင်းတိုင်းရင်းသား လူငယ် ဂျောရှူရာ ဗန် က လက်ရှိချန်ပီယံ ခါးပတ်ပိုင်ရှင် ဘရားဇီးနိုင်ငံသား ပန်တိုဂျာ ကို ပထမအချီ ၂၆ စက္ကန့်မှာတင် အနိုင်ယူရပြီး ချန်ပီယံ ခါးပတ် ကို ရရှိလိုက်ပြီ ဖြစ်ပါတယ်။
ပွဲစလို့ ၂၆ စက္ကန့်မှာ ပြိုင်ဘက် ပန်တိုဂျာ ရဲ့ ခြေကန်ချက်ကို ဗန်က ဖမ်းဆွဲ ပြီး ပြန်တွန်းချလိုက်ရာမှာ ပန်တိုဂျာက ပြန်အကျ လက်နဲ့အထောက်မှာ အဆစ်လွဲသွားခဲ့ပြီး ဆက်ထိုးလို့ မဖြစ်နိုင်တော့တာမို့ အရှုံးပေးလိုက် ရပြီး ချန်ပီယံ ခါးပတ်ပါ လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
ဂျောရှူရာ ဗန် ရဲ့ အခု UFC ခါးပတ် အနိုင်ရမှုဟာ မြန်မာနိုင်ငံနဲ့ အာရှမှာ ပထမဆုံး ရရှိမှု အဖြစ် သမိုင်းဝင် ခဲ့ပါတယ်။
ဒါ့အပြင် အသက် ၂၄ နှစ်အရွယ် ဗန်ဟာ ဒုတိယမြောက် အသက် အငယ်ဆုံး UFC ချန်ပီယံလည်း သမိုင်းဝင်ခဲ့ပါတယ်။
သူ့အရင် အသက်အငယ်ဆုံး UFC ချန်ပီယံကတော့ အမေရိကန်နိုင်ငံသား ဂျွန်ဂျုံးစ် ဖြစ်သူပြီး သူ အသက် ၂၃ နှစ်နဲ့ light heavyweight တန်းမှာ ဖြစ်ခဲ့တာပါ။
‘’ဒါဟာ အကောင်းဆုံး အနိုင်ရတာ မဟုတ်ပါဘူး… ဒါပေမယ့် နိုင်တာ က နိုင်တာပါပဲ…’’ လို့ ပွဲလာကြည့်သူ One Champion ကနေ မကြာခင်ကမှ အနားယူသွားတဲ့ အောင်လ အန်ဆန် က ပြောကြားခဲ့ပါတယ်။
MMA – Mixed Martial Arts
UFC – Ultimate Fighting Championship
photo: getty
—————————
THN Public Media
