War

ချင်းအမျိုးသားနေ့ကျင်းပနေတဲ့ စုပေါင်းရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆

ချင်းပြည်နယ် ဟာခါးမြို့မှာ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနား ကျင်းပနေတဲ့ စုပေါင်းရုံး နေရာကို ဟားခါး CDF နဲ့ PDF တို့က FPV suicide drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်း ထုတ်ပြန် ထားပါတယ်။

ဒီ Drone ယာဉ် တွေကို လုံခြုံရေးတပ်ဖွဲ့က လေကြောင်းရန် ကာကွယ်ရေး စနစ်တွေနဲ့ လက်ဦးမှု ရယူဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် အခမ်းအနားကျင်းပတဲ့နေရာကို ကျရောက်ပေါက်ကွဲခြင်း မရှိဘဲ အနီးဝန်း ကျင်နေရာတွေမှာသာ မြေပြင်ပေါ် ပျက်ကျ ပျက်စီးခဲ့ကာ ဒရုန်းမှာ ပါတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို စနစ်တကျ သက်မဲ့ ပြုလုပ် ဆောင်ရွက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

CDF-Hakha ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ပွဲ ပျက်သွားခဲ့ပြီး အခမ်းအနား တက်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အဖွဲ့ဟာ ချက်ချင်းလှည့်ပြန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယို ကလစ်ကိုလည်း CDF-Hakha က ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *