အောက်တိုဘာ ၄ – ၂၀၂၅
ဟားမတ်စ်တို့က ဓားစာခံတွေ ပြန်လွှတ်ပေးမယ်လို့ သဘောတူ လိုက်တဲ့ အတွက် သမ္မတထရမ့်က အစ္စရေးတို့ ဂါဇာကို ဗုံးကြဲနေတာ ချက်ခြင်း ရပ်ဖို့ ပြောကြားလိုက်ပါတယ်။
‘’ဟားမတ်စ် က ရေရှည်ငြိမ်းချမ်းရေး အတွက် အဆင်သင့်ဖြစ်နေပြီ…’’ အစ္စရေးက ဂါဇာကို ဗုံးကြဲတာ ချက်ခြင်းရပ်’’ လို့ ထရမ့်က ဆိုရှယ် မီဒီယာမှာ ဖေါ်ပြထားပါတယ်။
ဟားမတ်စ် တို့ကလည်း ထရမ့်ရဲ့ ပြောဆိုချက်ဟာ အားတက်စရာဖြစ်ပြီး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ထရမ့်က ရုပ်သံ သတင်းစကား ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ဆွေးနွေးရာမှာ ကူညီပေးခဲ့ကြတဲ့ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အီဂျစ် နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထား ပါတယ်။
“ဒါဟာ နေ့ကြီး တနေ့ပါ၊ ဘယ်လိုဖြစ်လာမလဲ ဆိုတာ အားလုံး စောင့်ကြည့်ရ ဦးမယ်။ ကျွန်တော်တို့ သဘောတူညီချက်ကို အပြီးသတ် အခိုင်အမာ ဖြစ်အောင် လုပ်ရမယ်” လို့ ပြောကြားပြီး၊ ဓားစာခံတွေ မိဘတွေထံ ပြန်ရောက်လာမှာ ကို သူမျှာ်လင့်နေတယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင် ငြိမ်းချမ်းရေးရရှိဖို့ “ကျွန်တော်တို့ အရမ်းကို နီးစပ် နေပြီ” လို့လည်း ဆိုပါတယ်။