ပြည်တွင်း

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က ပစ်ခတ်လို့ ရွာသားတွေ ဒဏ်ရာရ

ဇန်နဝါရီ ၂ -၂၀၂၆

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က အခုညဦးပိုင်းမှာ ပစ်ခတ်တဲ့ အတွက် ရွာသားတချို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ရွာဘုန်းကြီးကျောင်းမှာ ညကင်း အိပ်စောင့်နေတဲ့ ရွာသား တွေကို ရွာ ပအဖ တာဝန်ရှိသူ ဦးချစ်ဌေးက လက်နက်နဲ့ မနေ့ည ၁၀ နာရီလောက်က သွားရောက် ပြီး ရမ်းကား ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ ရွာသားတွေက ပအဖ ဦးချစ်ဌေးကို ဖမ်းဆီးပြီး ပကဖ တာဝန်ရှိသူ ကိုဇော်မင်းဆီကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယဘားရွာ ချင်းတွင်းမြစ်ဘေးမှာ ရွှေမျော်တွေလုပ်တာကို ရွားသားတွေက ကန့်ကွက်မှုတွေ ရှိခဲ့တာကို ပအဖ ဦးချစ်ဌေးက မကျေနပ်လို့ အခုလို ရမ်းကြား ခြိမ်းခြောက်မှုတွေ လုပ်တာ လို့လည်း တခြားရွာသူ တဦးက ပြောပါတယ်။

အခု ဒီကနေ့ ည ၇ နာရီ ဝန်းကျင်လောက် မှာတော့ ဦးချစ်ဌေးကို ဖမ်းဆီးရ မလားဆိုပြီး ပကဖ တွေက ရွာကိုရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရှိသူ တဦးက ပြောပါတယ်။

ရင်ဘတ်ကို ကျည်မှန်တဲ့ ရွားသားတဦး ကတော့ ဖုန်းကို ထိမှန်လို့ အသက် မသေ ဘူးလို့လည်း သူကပြောပါတယ်။

သေနတ်အချက်ပေါင်း ရာကျော် ပစ်ခတ်ပြီး ရွာသား၂ ဦးကို ဖမ်းသွား တယ်လို့ အခု နောက်ဆုံး သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *