နိုင်ငံရေး

စစ်ကော်မရှင်က မတ်လထဲ လွှတ်တော်ခေါ်ပြီ

Myanmar delegates attend a parliament session in Naypyidaw on August 16, 2013. Myanmar’s quasi-civilian government has announced a series of political and economic reforms since coming to power in 2011 after the end of nearly half a century of military rule. AFP PHOTO / YE AUNG THU (Photo credit should read Ye Aung Thu/AFP via Getty Images

ဖေဖေါ်ဝါရီ ၂၃ – ၂၀၂၆

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် မတ်လထဲမှာ လွှတ်တော်အသီးသီး အစည်းအဝေးတွေ ကျင်းပဖို့ ဒီကနေ့ ကြေညာချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုတော့ မတ်လ ၁၆ ရက်နေ့၊ အမျိုးသားလွှတ်‌တော်ကို မတ်လ ၁၈ ရက်နေ့ နဲ့ တိုင်း/ပြည်နယ် လွှတ်တော်တွေကိုတော့ မတ်လ ၂၀ ရက်နေ့ ကျင်းပဖို့ ခေါ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုး ပါတီက နေရာ အများစု အနိုင်ရထားတာ ဖြစ်ပြီး အတိုက်အခံ တော်လှန်ရေး အင်အားစုတွေ ကတော့ ရွေးကောက်ပွဲကို အသိအမှတ်မပြု ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *