နိုင်ငံရေး

စစ်ကော်မရှင်ရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း အပါအဝင် အချက် ၇ ချက်ကို နယူးဇီလန် ပါလီမန် ဆုံးဖြတ်

နိုဝင်ဘာ ၆ – ၂၀၂၅

စစ်ကော်မရှင် လက်ရှိ စီစဥ်ထားတဲ့ အတိုင်း ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်ဖွယ် မရှိကြောင်း အပါအဝင် အချက် ၇ ချက်ကို နယူးဇီလန် ပါလီမန်မှာ မနေ့က ဆွေးနွေးပြီး အားလုံးသဘောတူ အတည်ပြု ဆုံးဖြတ်လိုက် ပါတယ်။

နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး Winston Peters က ပါလီမန်မှာ တင်သွင်းတဲ့ အချက် ၇ ချက်ကတော့

• လက်ရှိ စီစဉ်ထားတဲ့ မြန်မာစစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင် ကြောင်းနဲ့ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းရေးကို ဦးတည်မှာ မဟုတ် ကြောင်း၊ ဒီအတွက် အလွန်အမင်း စိုးရိမ်ပူပန်မှု ကို ဖော်ပြသည်။

• ရွေးကောက်ပွဲ မှာ စစ်မှန်တဲ့ အတိုက်အခံပါတီတွေ မပါခြင်း၊ ရွေးကောက်ပွဲကို ဝေဖန်ရင် ပြစ်မှု သတ်မှတ်တဲ့ ဖိနှိပ်တဲ့ ဥပဒေတွေ ပြဌန်းထားတာဟာ သိသိ သာသာ ချို့ယွင်းချက်တွေ ရှိတယ်လို့ ယူဆသည်။

• လက်ရှိ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပရင် ယုံကြည် လက်ခံနိုင်ဖွယ်ရာ မရှိ ကြောင်း စဉ်းစားသည်။

• နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ တခြား စစ်ရေးလုပ်ရပ်တွေကို ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ နဲ့ မြန်မာပြည်သူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ ဆင်းရဲဒုက္ခတွေ သက်သာရာ ရစေဖို့ တောင်းဆိုသည်။

• မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ဖြေရှင်းရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အာဆီယံ ဘုံ ၅ ချက် ကို အကောင်အထည်ဖော်ဖို့ အရေးတကြီး တောင်းဆိုသည်။

• လက်ရှိ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက ချက်ချင်း သက်သာရာရစေမှာ မဟုတ်ဘဲ၊ မြန်မာပြည်သူတွေရဲ့ ဆိုးရွားတဲ့ အခြေအနေကို မျက်ကွယ် မပြုကြိဖို့ နယူးဇီလန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုသည်။

• အားလုံးပါဝင်ပြီး စစ်မှန်တဲ့ ကိုယ်စားပြုမှု ရှိတဲ့ ဒီမိုကရေစီ အတွက် မြန်မာပြည်သူတွေ ရဲ့ ဆန္ဒကို ဆက်လက် ထောက်ခံရန် ဆုံးဖြတ်သည်။

ဒီအဆိုပြု တင်သွင်းချက်တွေကို လေဘာပါတီ အမတ် Hon Phil Twyford နဲ့ Green Party အမတ် Teanau Tuiono တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပါလီမန်က အဆိုကို သဘောတူညီခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *