နိုင်ငံတကာ

စစ်ဆင်ရေး ၄ ပတ်ထက် ပိုကြာနိုင်ကြောင်း ထရမ့် ပြောကြား

မတ်လ ၃ – ၂၀၂၆

အီရန်ကို ဆင်နွှဲနေတဲ့ ‘’ဒေါမာန်ဟုန်စစ်ဆင်ရေး’’ ဟာ အရင် တွက်ဆ ထားတဲ့ သီတင်း ၄ ပတ်ထက် ပိုကြာနိုင်တယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ မနေ့က ပြောကြားသွားပါတယ်။

စစ်ဆင်ရေး ရည်မှန်းချက်တွေက ရှင်းရှင်းလင်းလင်း ရှိကြောင်း၊ အဲဒါတွေ ကတော့ အီရန် ဒုံးကျည် စွမ်းရည်တွေကို ဖျက်ဆီးဖို့၊ ရေတပ်ကို အမြစ်ပြတ် ချေမှုန်းဖို့နဲ့ နျူကလီးယားလက်နက် လုံးဝ မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့ ဖြစ်တယ်လို့ ထရမ့် က ပြောပါတယ်။

အီရန်အစိုးရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ အီရန်နိုင်ငံအတွင်း အကြီးစား စစ်ဆင်မှုတွေ ကို အမေရိကန်က ဆက်လက် လုပ်ဆောင်နေ ကြောင်း ပြောကြားပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ သတိပေးချက်များကို လျစ်လျူရှုခဲ့ပြီး နျူကလီးယား လက်နက် ကြိုးပမ်း ထုတ်လုပ်တာ ရပ်တန့်ဖို့ကို ငြင်းဆန်ခဲ့ တယ်လို့ ဆိုပါတယ်။

အီရန် အနေနဲ့ နိုင်ငံအပြင်ပ က အကြမ်းဖက် စစ်တပ်တွေကို လက်နက် တပ်ဆင်ပေးတာ၊ ရန်ပုံငွေ ထောက်ပံ့တာနဲ့ ညွှန်ကြားနေတာတွေကို ဆက်ပြီး လုပ်ဆောင်ခွင့်မပြုနိုင်ဘူးလို့လည်း ပြောသွားပါတယ်။

အီရန်ရဲ့ ဒုံးကျည် စီမံကိန်းဟာ နျူကလီးယား လက်နက် ထုတ်လုပ်မှုကို အကာအကွယ် ပေးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

နျူကလီးယားလက်နက် နဲ့ တာဝေးပစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အီရန်အစိုးရ ဟာ အရှေ့အလယ်ပိုင်းအတွက် သာမက အမေရိကန် ပြည်သူတွေ အတွက်ပါ သည်းခံနိုင်စရာမရှိတဲ့ ခြိမ်းခြောက်မှု ဖြစ်လာ လိမ့်မယ်လို့ ပြောပါတယ်။

မိစ္ဆာ အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် ဒီစစ်ပွဲကို စတင်ဖို့ ဆုံးဖြတ် ခဲ့တာ လို့ ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *