နိုင်ငံရေး ပြည်တွင်း

စစ်တပ်ကနေ ပြည်ခိုင်ဖြိုးကို အမတ်လောင်း ၅၀၀ နီးပါး ပေးပို့

စက်တင်ဘာ ၁၇ – ၂၀၂၅

လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ကနေ အမတ်လောင်း ၅၀၀ နီးပါး ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အတည်မပြုနိုင်သေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေးပို့ခဲ့တဲ့ စရင်းအရ


*ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ သို့ ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောင်းရွှေ့ရမည့် အင်အား စာရင်းချုပ်*
*ဗိုလ်ချုပ်ကြီး ၁
ဒုဗိုလ်ချုပ်ကြီး ၆
ဗိုလ်ချုပ် ၁၂
ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး/ ဒုဗိုလ်မှူးကြီး ၃၀၀
ဗိုလ်ကြီး/ဗိုလ်မှူး ၁၁၀
အခြားအဆင့် ၆၀ (ရုံးအုပ်နှင့် တကက/စရ အပါ)*
(၄၂၉ +၆၀= ၄၈၉) ဖြစ်ကြောင်း သိရပါတယ်။

နာမည်စာရင်းများ အားလုံး ပါတီဌာနချုပ်သို့ပေးပို့ပြီး ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
—————————
THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *