War

စစ်တပ် စခန်း ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ တောကျွဲအင်းမြို့ ခေတ္တ ထိန်းချုပ်ခဲ့ကြောင်း NUG ပဲခူးတိုင်းစစ်ဌာန သတင်းထုတ်ပြန်

ဇန်နဝါရီ ၉ – ၂၀၂၅

ပဲခူးတိုင်း တောကျွဲအင်းမြို့ အပါအဝင် အုတ်တွင်းမြို့နယ် ကျောက်တံခါးမြို့နယ် တို့က စစ်တပ် စခန်း ၁၄ ခုကို ဒီကနေ့မနက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း NUG ပဲခူးတိုင်း စစ်ဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၅၀ ထက်မနည်းကျပြီး အများအပြား ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရကြောင်း ဖေါ်ပြထားပါတယ်။

တောကျွဲအင်း မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတား စစ်တပ်ဂိတ် ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ကနေ တိုက်ပွဲ ဖော်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

စစ်ဆင်ရေးများကို တိုးမြှင့် ဆောင်ရွက် သွားမှာ ဖြစ်လို့ အများပြည်သူ တွေ အနေနဲ့ စစ်‌‌တပ်စခန်း အနီးကို မလိုအပ်ဘဲ မသွားဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *