ဒီကနေ့ စစ်တပ်က စတင်ကျင်းပတဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် စစ်တွေက မဲရုံ ၃ ရုံမှာ မဲပေးစက်တွေ ပျက်လို့ မဲပေးသူတွေ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
စစ်တွေ မြို့နယ်မှာ မဲရုံ စုစုပေါင်း ၅၉ ရုံရှိပြီး မဲပေးစက်ပျက်တဲ့ မဲရုံတွေကတော့
ကျောင်းတက်လမ်းရပ်ကွက် မဲရုံ ၁ အမျိုးသားလွှတ်တော်
မောလိပ်ရပ်ကွက် မဲရုံ ၁ ပြည်သူ့လွှတ်တော် နဲ့
ရွာကြီးမြောက် ရပ်ကွက် မဲရုံ ၁ ပြည်သူလွှတ်တော် တို ဖြစ်တယ်လို့ သိရပါတယ်။
မဲပေးစက်တွေကို ပြန်ပြင်မယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်းလည်း သိရပါတယ်။
ရခိုင်မှာ ကျောက်ဖြူ စစ်တွေ နဲ့ မာန်အောင် ၃ မြို့နယ်မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်တာ ဖြစ်ပြီး ၃ မြို့နယ်စလုံးမှာ မဲလာပေးသူ များပြားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဓါတ်ပုံ – ပုံဟောင်း – ရခိုင်တိုင်းရင်းသားများပါတီ RNP မဲဆွယ်စဥ်
—————————
THN Public Media
