စီးတီးအနိုင်ရ အဆင့် ၈ ကို တက်၊ မန်ယူ အဆင့် ၁၄ ဆင်း
မန်စီးတီး ၃ – ၀ မန်ယူ
စက်တင်ဘာ ၁၅ – ၂၀၂၅
မနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၄ အဖြစ် တမြို့တည်း ဒါဘီ ပွဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲမှာ မန်စီးတီး က မန်ယူကို ၃ ဂိုးပြတ်အနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ ဟာလန်းက ခြေစွမ်းပြန်ပြနိုင်ခဲ့ပြီး နောက်ပိုင်း ၂ ဂိုး သွင်းယူခဲ့ကာ ဖိုဒန် က ပထမပိုင်းမှာ အဖွင့် တဂိုး သွင်း ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ဟာ လုံးဝ ပုံမမှန် ဖြစ်မနေတဲ့ ပြိုင်ဘက် မန်ယူကို အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ အနိုင်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ပက် ဂွါဒီယိုလာ ဟာ နိုင်ငံတကာပွဲတွေ အတွက် မနားခင် နှစ်ပွဲဆက် ရှုံးထားတာကြောင့် အနည်းငယ် စိုးရိမ်ပူပန်မှုတွေနဲ့ ပွဲကို စတင်ခဲ့ရပေမယ့် မန်ယူနဲ့ ကစားရတာကို သဘောကျတဲ့ ကစားသမားနှစ်ဦးရဲ့ သွင်းဂိုး တွေကြောင့် စိုးရိမ်မှုတွေ လျော့ပါးသွားခဲ့ကြပါတယ်။
မန်စီးတီး အခုလို မန်ယူကို အနိုင်ရရှိတဲ့ မနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ဟာ စီးတီးရဲ့ ပရိသတ် တဦးဖြစ်တဲ့ အသက် ၄၆ နှစ် အရွယ် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း Ricky Hatton အရွယ် ကွယ်လွန်တာ နဲ့ တိုက်ဆိုင်နေပြီး ပွဲမစခင် ကွင်းထဲမှာ နှစ်ဘက် အသင်းဟာ Ricky Hatton ကို ဂုဏ်ပြုခဲ့တာလည်း ဖြစ်တာကြောင့် အမှတ်တရ နေ့ တနေ့ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ရှုံးတဲ့ မန်ယူဟာ တပွဲသာနိုင်ထားတာကြောင့် ပရီးမီးယားလိဂ် ဇယားမှာ အဆင့် ၁၄ ကို ကျဆင်းသွားခဲ့ပြီး မန်စီးတီး ကတော့ အနိုင်ရရှိခဲ့လို့ အဆင့် ၈ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
—————————
THN Public Media
–
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
–
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese