Sport

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲ မြန်မာအသင်း ဖိလစ်ပိုင်ကို အနိုင်ရ

ဒီဇင်ဘာ ၅ – ၂၀၂၅

ထိုင်းနိုင်ငံ ချောင်ဘူရီ မှာ မြန်မာအမျိုးသမီးအသင်း နဲ့ ဖိလစ်ပိုင် အမျိုးသမီး အသင်းတို့ ယှဥ်ပြိုင် ကစားကြရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။

ပထမပိုင်း ၄ မိနစ်မှာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၈၉ မိနစ်မှာ မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ကာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်က ၆၉ မိနစ်မှာ ခြေပဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်း ဟာ အုပ်စု (B) မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား အသင်းတို့ တအုပ်စုထဲ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *