အောက်တိုဘာ ၆ – ၂၀၂၅
ဆီးရီးယား နိုင်ငံမှာ အာဏာရှင် ဘာရှာ အဲလ်အာဆတ် ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကို မနေ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အားလုံးပါဝင်နိုင်ရေး ဆိုင်ရာ စိုးရိမ် ပူပန်မှုများ နဲ့ ကြန့်ကြာမှုတွေလည်း ရှိခဲ့ပါတယ်။
အသွင်ကူးပြောင်းရေးကာလအတွင်း ဥပဒေပြုရေး အတွက် တာဝန်ယူ မယ့် ပြည်သူ့လွှတ်တော် အတွက် တိုက်ရိုက်မဲပေးခြင်းမျိုး မဟုတ်ပါ။
“electro colleges” လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ပါတီတွေ ပါဝင်တဲ့ အစု အဖွဲ့ထဲက ကိုယ်နှစ်သက်ရာ အဖွဲ့ကို မဲပေးရတာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေ ကနေ ကိုယ်စားလှယ်ကို ရွေးထုတ်ပေးမှာ ဖြစ်ပြီး၊ ဒါက ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ နေရာ အတွက် ဖြစ်ပါတယ်။
ကျန်တဲ့ ၁ ပုံကိုတော့ ကြားဖြတ်သမ္မတ Ahmed al-Sharaa က တိုက်ခိုက် ခန့်အပ်မှာ ဖြစ်ပါတယ်။
စုစုပေါင်း အမတ်နေရာက ၂၁၀ ဖြစ်ပါတယ်။
စုဖွဲ့ထားတဲ့ များက ၂၁၀ နေရာတွင် သုံးပုံနှစ်ပုံ အတွက် ကိုယ်စားလှယ် များကို ရွေးချယ်မည်ဖြစ်သည်။ ကျန်ရှိသောနေရာများကို ကြားဖြတ် သမ္မတ Ahmed al-Sharaa က ခန့်အပ်မည်ဖြစ်သည်။
ကာ့ဒ်လူမျိုးတွေ ထိန်းချုပ်ထားတဲ့ ပြည်နယ်နှစ်ခု နဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ ဒရုဇ် (Druze) ပြည်သူ့စစ်တွေ အကြား တိုက်ပွဲဖြစ်ခဲ့တဲ့ ပြည်နယ် တို့မှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းထား ပါတယ်။