မတ်လ ၂၃ – ၂၀၂၆
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့ အဖြစ် နေပြည်တော်မှာဒီကနေ့ ကျင်းပရာ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ နှစ်ခု ဖွဲ့စည်းလိုက်ပါတယ်။
ဥပဒေကြမ်း ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ နဲ့ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့ကို ရွေးချယ်ခဲ့ကြပါတယ်။
ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌအဖြစ် အောင်မြေသာဇံ မဲဆန္ဒနယ် ဦးတေဇကျော် နဲ့ ဦးတင်အောင်ချစ် (အောင်လံမဲဆန္ဒနယ်) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။
စစ်တပ်ရွေးကောက်ပွဲ ကျင်းခဲ့တာနဲ့ အခုလို လွှတ်တော်ခေါ်ယူတာကို တော်လှန်ရေး အင်အားစုတွေ ကတော့ အသိအမှတ်မပြုသလို အတု အယောင် ဖြစ်တယ်ဆိုပြီး ကန့်ကွက် ဆန့်ကျင်နေကြပါတယ်။
Ref: VOM
—————————
