နိုင်ငံရေး ပြည်တွင်း

တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဆိုတာဘယ်သူလဲ

မတ်လ ၃၀ – ၂၀၂၆

၁၁ ဦးမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ၁၉၆၆ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဖြစ်ပါတယ်။

သူဟာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၇၇) ဆင်း အရာရှိ တဦးဖြစ်ပြီး ပြန်တမ်းဝင်အမှတ် ကြည်း ၂၁၄၄၀ နဲ့ စစ်မှုထမ်းခဲ့ ကာ ဗိုလ်မှူးကြီး အဆင့်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း-G1) နဲ့ အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ ဗိုလ်မှူးချုပ် အဆင့်နဲ့ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဇွန်လမှာ ဗိုလ်ချုပ်အဆင့်နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်တိုးမြှင့် ခံခဲ့ရပါတယ်။

၂၀၂၀ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ရဲဝင်ဦးဟာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့် ခံရကာ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရာထူးကို ဆက်ခံခဲ့ ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာပါတယ်။

၂၀၂၄ ဩဂုတ်လမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ယုံကြည် စိတ်ချ ရသူတွေ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နဲ့ အတူ ဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့် ခံရကာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ စစ်ကော်မရှင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်အဖြစ် လည်းကောင်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

၂၀၂၆ ခုနှစ် မတ်လမှာတော့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန် ပေးအပ်ခြင်းခံရသူ ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ မိသားစုကို အမေရိကန် ဗြိတိန် နဲ့ ဥရောပသမဂ္ဂ တို့က ဒဏ်ခတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

Ref: Wikipedia

—————————

Leave a Reply

Your email address will not be published. Required fields are marked *