NDF ဆိုတာ ပညတ်ပါ… ပညတ်တွေက အရေးမကြီးပါဘူး…’’
‘’တပ်ချုပ်ဆီကို… ဒါသည် မဖြစ်သင့်ပါဘူးပေါ့… ငဲ့ညှာခွင့်ပြုဖို့ တင်တယ်ပေါ့…’’
ဦးထက်အောင်ကျော် (ဖျက်သိမ်းခံ NDF ပါတီ ဒုဥက္ကဌဟောင်း)
စစ်ကော်မရှင်အောက် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီဝင်ဦးရေ မပြည့်မီ တာကြောင့် မကြာသေးခင်က ဖျက်သိမ်းလိုက်ရတဲ့ ခမောက်ပါတီလို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပါတီဖျက်သိမ်းခံရမှု အပေါ် တပ်ချုပ်ဆီ စာရေးသား အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတော့ တပ်ချပ်က အကြောင်းပြန်ကြားပါလား…
ပါတီဆက်တည်ထောင်ဖို့ အခွင့်အလမ်း ရှိပါသေးလား…
ဒီဇင်ဘာ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ ဘာဆက်လုပ်မလဲ…
ပုံစံတမျိုးနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ရှိနေမလား…
ဘာတွေ မျှော်လင့်ထားသေးလဲ…
ဒါမှမဟုတ် ပါတီကို ပျက်တဲ့အတိုင်း ဒီအတိုင်းပဲ ထားလိုက်တော့မလား… ဆိုတာ
NDF ပါတီ ဒုဥက္ကဌဟောင်း ဦးထက်အောင်ကျော်ကို မေးမြန်း တင်ဆက်ထားပါတယ်။