နိုင်ငံရေး ပြည်တွင်း

တပ်ချုပ် တဖြစ်လဲ ဦးမင်းအောင်လှိုင် ကို ၁၁ ဦးမြောက် သမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်

ဧပြီ ၃ – ၂၀၂၆

မြန်မာနိုင်ငံရဲ့ (၁၁) ဦးမြောက် သမ္မတ အဖြစ် ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ တပ်ချုပ် တဖြစ်လဲ ဦးမင်းအောင်လှိုင် ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

မဲပေးရွေးချယ်ရာမှာ ဒုသမ္မတ ၁ အဖြစ် ဦးညိုစောက ဖြစ်လာပြီး ဒုတိယ သမ္မတ ၂ အဖြစ် ဒေါ်နန်းနီနီအေး ဖြစ်လာကြပါတယ်။

မဲလက်မှတ်နဲ့ လျှို့ဝှက် ဆန္ဒမဲပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဦးမင်းအောင်လှိုင်ဟာ ကိုယ်စားလှယ် ၅၈၄ ယောက် တက်ရောက်တဲ့ထဲက ၄၂၉ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဦးညိုစော က ၁၂၆ မဲ နဲ့ ဒုတိယ သမ္မတ ၁၊ ဒေါ်နန်းနီနီ‌အေးက ၂၉ မဲ နဲ့ ဒုတိယ သမ္မတ ၂ ဖြစ်ခဲ့ကြတာပါ။

အခု သမ္မတ ၃ ဦးဟာ လက်ရှိ တာဝန်တွေ ကနေ အနားယူရမှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းကျိန် ပြီးရင် ၅ နှစ် တာဝန် ထမ်း ရမှာ ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *