မတ်လ ၂၇ – ၂၀၂၆
အခုကျင်းပမယ့် ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ပြီးတဲ့နောက် တပ်ခေါင်းဆောင် အပြောင်းအလဲဖြစ်မယ်လို့ ဒုချုပ်စိုးဝင်း က မနေ့ မတ်လ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်တပ်အငြိမ်းစား အရာရှိကြီး တွေကို ကန်တော့တဲ့ ပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို အပြောင်းအလဲ ဖြစ်တဲ့အခါ ဘယ်သူဦးဆောင်တာ ဖြစ်စေ တပ်မတော် ခေါင်းဆောင် အစဉ်အဆက်က လမ်းညွှန်ထားတဲ့ အတိုင်း မူဝါဒအတိုင်း ဆက်လျှောက်ကြမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
ဒါ့အပြင် အစိုးရရဲ့ မူဝါဒနဲ့အညီ လက်တွဲညီညီ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း နဲ့ မည်သူဦးဆောင်သည် ဖြစ်စေ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဖြစ်တယ်လို့ ဆိုပါတယ်။
ကန်တော့ပွဲကို သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဗိုလ်ချုပ်တင်အေး တို့ အပါ အဝင် တပ်အငြိမ်းစား ၁၈ ဦး ကန်တော့ခံဘက်က တက်ရောက်ခဲ့ပါတယ်။
ကန်တော့သူတွေ ကတော့ ဒုချုပ်စိုးဝင်း၊ တပ်ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ ညှိကွပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့ ဦးဆောင် တက်ရောက် ခဲ့ ကြပါတယ်။
အခု (၈၁) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားဟာ မတိုင်ခင် ရွေးကောက်ပွဲ ကျင်းပထားတာ ဖြစ်လို့ အခု (၈၁) နှစ်မြောက် အခမ်းအနားဟာ ထူးခြားကြောင်း ဒုချုပ်စိုးဝင်းက ပြောကြားသွားခဲ့ ပါတယ်။
—————————
