THN Public Media Blog သတင်း နိုင်ငံရေး တိုင်းပြည်အပြင်ကနေ တိုင်းပြည်အသစ်ကို တည်ဆောက်လို့မရကြောင်း BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြော
နိုင်ငံရေး ပြည်တွင်း

တိုင်းပြည်အပြင်ကနေ တိုင်းပြည်အသစ်ကို တည်ဆောက်လို့မရကြောင်း BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြော

အောက်တိုဘာ ၁၄ – ၂၀၂၅

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ခေါင်းဆောင် မောင်ဆောင်းခ က တိုင်းပြည်အပြင်ကနေ တိုင်းပြည်အသစ်ကို တည်ဆောက်လို့မရကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီကနေ့ ရေးသား ဖေါ်ပြလိုက် ပါတယ်။

ဘာအတွက်အခုလို ပြောဆိုတယ် ဆိုတာကိုတော့ ပြထားခြင်း မရှိဘဲ၊ ‘’ မြေပြင်မှာ အသက်ပေးပြီး တော်လှန်နေရတဲ့ ရဲဘော်တွေနဲ့ တန်းတူ တော်လှန်နေတာပဲ ဆိုတာ မျိုးတော့ မပြောပါနဲ့ဗျာ…’’ လို့လည်း ရေးသားထားပါတယ်။

စက်တင်ဘာ လဆန်းပိုင်းကလည်း မောင်ဆောင်းခ က တော်လှန်ရေး နိုင်နေပြီ လို့ မပြောဖို့ ဖေ့စ်ဘွတ်ကနေ တိုက်တွန်းခဲ့ပြီး တော်လှန်ရေး ရှည်ကြာမယ်လို့ အဲဒီတုန်းက ရေးသားခဲ့ပါတယ်။

မောင်ဆောင်းခ ဟာ သတင်းမီဒီယာတွေကို အင်တာဗျူး မပေးတာ အတော်ကြာနေပြီ ဖြစ်ပြီး သူ့ရဲ့ သဘောထား တချို့ကိုတော့ အခုလို ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်လေ့ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version