ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အထင်ကရ တန်ဆောင်တိုင် မီးပုံပျံ လွှတ်ပွဲကို နောက်ထပ် ၃ ရက်ထပ်တိုးလိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာပြီး လေအရမ်းတိုက်တဲ့အတွက် ပြိုင်ပွဲဝင် မီးပုံပျံ တချို့ မလွှတ်တင်နိုင်ခဲ့တဲ့ အတွက် အခုလို ၃ ရက် တိုးလိုက်တာ ဖြစ်ပါ တယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ညကို နောက်ဆုံး ရက်သတ်မှတ်ထားရာ ကနေ အခုတော့ နိုဝင်ဘာ ၈ ရက်နေ့အထိ ဆက်လက်ကျင်းပကာ ၈ ရက်နေ့ကျမှ ပိတ်ပွဲ အခမ်းနား ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။
—————————
THN Public Media
