THN Public Media Blog သတင်း နိုင်ငံရေး တော်လှန်ရေး အမြန်အောင်ဖို့ ဖက်ဒရယ်ကောင်စီ SCEF ကို ဖွဲ့စည်းတာဖြစ်၊ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား
နိုင်ငံရေး

တော်လှန်ရေး အမြန်အောင်ဖို့ ဖက်ဒရယ်ကောင်စီ SCEF ကို ဖွဲ့စည်းတာဖြစ်၊ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား

ဧပြီ ၁၁ – ၂၀၂၆

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဦးဆောင် ကောင်စီ SCEF ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ အွန်လိုင်း ကနေ ကျင်းပခဲ့ကြောင်းသိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ SCEF အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်ဆန်းမြင့် က ဖက်ဒရယ်ဦးဆောင် ကောင်စီ ဖွဲ့စည်းရတာဟာ အဓိက ရည်မှန်းချက် က တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသွား ပါတယ်။

ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းနိုင်ဖို့ နဲ့ အသွင် ကူးပြောင်း ရေး ကာလ အစီအမံ ပြဌာန်းချက်တွေ (ခြေဥ)ကို တရားဝင် သက်ရောက်မှု ရှိလာမယ့် အချိန်အထိ တော်လှန်ရေးတရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ပေါင်းကူးတံတားအဖြစ် ဖွဲ့စည်းထားဖြစ်ကြောင်း ရှင်းလင်းသွားပါတယ်။

နောက်ပိုင်းမှာ တက်ရောက်လာတဲ့ သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version