နိုင်ငံတကာ

ထရမ့် လက်မှတ်ထိုးလိုက်တဲ့ သဘောတူညီချက် အီရန်က မလိုက်နာရင် ပြင်းထန်တဲ့ ရေတပ်ပိတ်ဆို့မှုကြီး ပြန်လုပ်မယ်

ဇွန် ၁၈ – ၂၀၂၆

အီရန်ပြန်တည်ဆောက်ရေး ဒေါ်လာ ၃၀၀ ဘီလီယံ ရန်ပုံငွေ အပါအဝင် သဘောတူညီချက်ကို အမေရိကန် သမ္မတက လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပြီး တကယ်လို့ အီရန်ဘက်က လိုက်နာမှု မရှိရင် ပြင်းထန်တဲ့ ရေတပ် ပိတ်ဆို့မှုကို ပြန်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Pete Hegseth က ပြောကြားလိုက်ပါတယ်။

မနေ့ညက စစ်ပွဲကို အဆုံးသတ်ဖို့ အတွက် ကနဦး သဘောတူညီချက် တခုကို သမ္မတ ဒေါ်နယ်ထရမ့် က လက်မှတ်ရေးထိုး ခဲ့ပြီး၊ အီရန်သမ္မတ မာဆု ပီဇက်ရှ် ကီယန် ဘက်ကလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အချက် ၁၄ ချက်ပါ ဒီသဘောတူညီချက်အရ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်းမှာ နောက်ဆုံးပိတ် အပြီးသတ် စာချုပ်ချုပ်နိုင်ဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာဖြစ်ပြီး အဲဒီကာလ အတွင်းမှာ ဟော်မုဇ်ရေ လက်ကြား ကို ပြန်ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခွင့်အာဏာတွေ ပြန်ရလာတဲ့ အီရန်အစိုးရဟာ အခုဆိုရင် ဒီအရေးပါတဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို သူတို့အတွက် လက်နက်တခုလို အသုံးချလို့ ရတယ်ဆိုတာ ကောင်းကောင်း သိသွားပြီ ဖြစ်ပါတယ်။

ဒီစာချုပ် လက်မှတ်ရေးထိုးပြီး နောက်မှာတော့ ရေနံဈေးနှုန်းတွေ ပြန်ကျ သွားခဲ့ပြီး ဘရန့်ရေနံစိမ်း တစည်ကို ၇၈ ဒေါ်လာ အထိ ဖြစ်သွားတာမို့ ဒီနေ့မှာတင် ၁.၅ ရာခိုင်နှုန်းလောက် ဈေးကျသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်ထဲမှာ အီရန်နိုင်ငံ “ပြန်လည်ထူထောင်ရေး” အတွက် ဒေါ်လာ ၃၀၀ ဘီလီယံ စီမံကိန်းလည်း ပါဝင်နေပေမဲ့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အဓိက မေးခွန်းတွေ ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘဲ ဖြစ်နေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *