နိုင်ငံတကာ

ထိုင်ဝမ်အရေး စည်းကျော်ရန်စရင် ပြတ်ပြတ်သားသား တုံ့ပြန်မှု မုချ ခံရမယ်လို့ တရုတ်ပြောကြား

ဒီဇင်ဘာ ၃၀ – ၂၀၂၅

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်း စစ်ဒေသကြီး ရဲ့ “Justice Mission 2025” လေ့ကျင့်မှုကို ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်နေကြောင်း၊ ဒါဟာ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစု တွေရဲ့ “လက်နက်နဲ့ ခွဲထွက်ရေး ကြံစည်ကြိုးပမ်းမှု” အပေါ် ပြင်းပြင်း ထန်ထန် ဒဏ်ခတ် သတိပေးခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးမှာ စည်းကျော် ရန်စတဲ့ ဘယ်လို လုပ်ရပ်မဆို တရုတ်နိုင်ငံရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကို မုချမသွေ ခံရမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြား လိုက်ပါတယ်။

ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ အမေးကို အခုလို ဖြေကြား လိုက်တာ ဖြစ်ပြီး “စစ်ရေးလေ့ကျင့်မှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ကို အရှေ့ပိုင်း စစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြီး ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင်မှုဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်တဲ့ မဖြစ်မနေလိုအပ်တဲ့ လှုပ်ရှားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ် က ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်တွေဟာ “ထိုင်ဝမ်ခွဲထွက်ရေး” ရပ်တည်ချက်ကို ခေါင်းမာစွာ လက်ကိုင်ထားခြင်း၊ “အမေရိကန် အားကိုး၍ ထိုင်ဝမ်ခွဲထွက်ရေး” ကြံစည် ကြိုးပမ်းခြင်း၊ ထိုင်ဝမ်ကို “ယမ်းပုံး”၊ “လက်နက်ခဲယမ်းဂိုဒေါင်” အဖြစ် တန်ဖိုးမထားဘဲ ပြောင်းလဲခြင်းဟာ “ငြိမ်းချမ်းရေးဖျက်ဆီးသူ”၊ “အန္တရာယ်ဖန်တီးသူ”၊ “စစ်ပွဲလှုံ့ဆော်သူ” အဖြစ် အပြည့်အဝ ပေါ်လွင် စေကြောင်းလည်း သူကပြောပါတယ်။

ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးခြင်းဟာ သည် ထိုင်ဝမ်ရေလက်ကြားကို စစ်ပွဲအန္တရာယ် ကျရောက်စေဖို့ တွန်းပို့တာသာဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့ပါတယ်။

“ထိုင်ဝမ်အရေးကိစ္စက တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားထဲက အချက်အချာ ဖြစ်တယ်” လို့ သူကပြောကြားခဲ့ပြီး တရုတ်နိုင်ငံပေါင်းစည်းရေး ဖော်ဆောင်မှု ကို ဟန့်တား နှောင့်ယှက်တဲ့ ဘယ်လို ယုတ်ညံ့တဲ့ ကြံစည် ကြိုးပမ်းမှု မဆို ရှုံးနိမ့်မှာသာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: Xinhua

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *