မနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်အနီး မြန်မာနိုင်ငံ သား ၄ ဦးဆီကနေ ဒရုန်း ၁၀ စင်း ဖမ်းဆီးမိပြီးနောက် အဲဒီ လေဆိပ်အနီးမှာပဲ နောက်ထပ် ဒရုန်း ၂၅၀၀ ကျော်ကိ ထိုင်အာဏာပိုင် တွေက ထပ်မံ ဖမ်းဆီးရမိခဲ့ ပါတယ်။
လေဆိပ်အနီး မသင်္ကာဖွယ် ဒရုန်းတွေ ပျံသန်းနေတာကို သတင်းရပြီး နောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အရ စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့ရာကနေ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
ဒီဒရုန်းတွေဟာ ရုရှား ယူကရိန်း စစ်ပွဲမှာ အသုံးပြုနေတဲ့ “Swarm Models” အုပ်စုလိုက် တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။
ဒီ ဒရုန်းတွေကို ကုန်းလမ်းက တဆင့် ထိုင်းနိုင်ငံ ထဲကို ခိုးယူ တင်သွင်း လာကာ ပြည်တွင်းမှာ ပြန်လည် တပ်ဆင်တာ ဒါမှမဟုတ် အသုံးပြု တာတွေ လုပ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆနေကြ ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံ အတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံသစ် တခု ဖြစ်လာ နိုင်ကြောင်း စိုးရိမ်ပူပန်နေကြပါတယ်။
လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ ဒရုန်းတွေကို အသေးစိတ် စစ်ဆေး နေပြီး လေဆိပ်အနီး ပျံသန်းခဲ့တဲ့ ဒရုန်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိ၊ မရှိ ဒါမှမဟုတ် ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ ဆိုတာကို အာဏာပိုင်တွေက အတည်မပြုသေးပါ။
ဒီသတင်းဟာ မြန်မာ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဒရုန်း ၁၀ စင်း ထက် ပိုဆိုးတဲ့ လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှု တခု ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ၂၅၀၀ ကျော် ဆိုတဲ့ ပမာဏဟာ သာမန် အရပ်ဘက် အသုံးပြုဖို့ ထက် စစ်ရေး သို့မဟုတ် တခြားရည်ရွယ်ချက် ကြီးကြီး မားမား အတွက် ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက သံသယရှိနေပုံ ရပါတယ်။
—————————
THN Public Media
–
