ဇန်နဝါရီ ၂၂ – ၂၀၂၆
ထိုင်းနိုင်ငံ၊ မဲဆောက်-အုန်းဖန် လမ်း မဲကု တိုက်နယ် အတွင်း ဇန်နဝါရီ (၂၀) ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းရဲတပ်ကြပ် တဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး မြန်မာပြည်ဘက် ထွက်ပေးတိမ်းရှောင် သွားတဲ့ နဂါးကြီး (ခ) နိုင်လင်းအောင် ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် K.N.L.A က ဖမ်းဆီးပြီး ဒီကနေ့ မနက်မှာ ထိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ KNU က သတင်း ထုတ်ပြန် ထားပါတယ်။
ထိုင်း အာဏာပိုင်တွေ ကနေ ဒီပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး KNU ကို အသိပေး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
(K.N.L.A) တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီးဒါဘော ဦးဆောင်ပြီး ပြစ်မှုကျူးလွန်သူ နဂါးကြီး (ခ) နိုင်လင်းအောင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ ညပိုင်းမှာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြဝတီမြို့နယ်၊ ဖလူးဒေသမှာ ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဖေါ်ပြထား ပါတယ်။
—————————
THN Public Media
