ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အနုတင် ရဲ့ ပါတီက အမတ်နေရာ ၂၀၀ နီးပါး နဲ့ အနိုင်ရခဲ့ပြီး လူငယ်တွေ အကြားရေပန်းစားတဲ့ လူငယ် မျိုးဆက် ပြည်သူ့ပါတီ ကတော့ အမတ်နေရာ ၁၀၀ ကျော်သာ ရရှိခဲ့ ပါတယ်။
တချိန်တည်းမှာပဲ ပြည်သူ့ပါတီက အမတ် ၄၄ ဦးဟာ အရင် Move Forward ပါတီ တုန်းက ဘုရင်ကို မဝေဖန်ရ ပုဒ်မ ပြင်ဆင်ဖို့ ကြိုးပမ်းမှုနဲ့ အပြစ် ရှိတယ်လို့ အဂတိ တိုက်ဖျက်ရေး ကောမရှင်က ဆုံးဖြတ်ထားပါတယ်။
ဒီတော့ အနုတင် ဘာကြောင့် အနိုင်ရခဲ့လဲ နှင့် ပြည်သူ့ပါတီ ဖျက်သိမ်း ခံရနိုင်လား ဆိုတာ အပါအဝင် ထိုင်းနိုင်ငံရေး ရှေ့ဆက်အလားအလာ၊ မြန်မာအပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတဲ့ အကြောင်းအရာတွေ အပေါ် ထိုင်းရွေးကောက်ပွဲ အနီးကပ် စောင့်ကြည့်နေတဲ့ ဦးအောင်သူငြိမ်း ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
