နိုင်ငံရေး

ဒေါ်ကြည်ပြာအမှု ဆုံးဖြတ်ချက် ပွင့်လင်း မြင်သာမှု မရှိဘူးလို့ယူဆတဲ့ အတွက် NUG တယ်လီကျန်းမာ က တပတ်အတွင်း အမြန် ဖြေရှင်းပေးဖို့ တောင်းဆို

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆

NUG အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ တို့အပေါ် ဝန်ထမ်းတွေရဲ့ တိုင်ကြားချက်တွေထဲက အချက်တချို့ကို လျစ်လျူရှုထား ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာလည်း ပွင့်လင်း မြင်သာမှု မရှိကြောင်း NUG တယ်လီကျန်းမာ အနေနဲ့ သုံးသပ်မိတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီအတွက် ရက်သတ္တပတ်တပတ်အတွင်း အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် ပေးဖို့ တောင်းဆိုထားပါတယ်။

အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးဆိုရင် တယ်လီကျန်းမာ အနေနဲ့ NUG အောက်မှာ ဆက်လက်ရပ်တည်တော့မှာ မဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့သာ အများပြည်သူ အကျိုး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ထားပါတယ်။

NUG ကတော့ ဒီကနေ့ ညမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *