ဖေဖေါ်ဝါရီ ၂၂ – ၂၀၂၆
NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးက နုတ်ထွက် ကြောင်း တင်ထားတဲ့ စာတစောင် ထွက်ပေါ်လာပါတယ်။
ဖေဖေါ်ဝါရီ ၂၁ ရက်နေ့စွဲပါ စာမှာ ဝန်ကြီးချုပ်ဆီ လိပ်မူထားပြီး ဒေါ်ကြည်ပြာ အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံနေရတဲ့ အတွက် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြထားတာ ဖြစ်ပါတယ်။
သူနဲ့ သူ့ခင်ပွန်း အပေါ် တိုင်ကြားခဲ့မှုတွေ အတွက် အခုအခါ မမှန်မကန် စွပ်စွဲ ထားတာ အဖြေပေါ်ခဲ့ပြီ ဖြစ်ပြီး ဖြေရှင်းပေးခဲ့တဲ့ ဝန်ကြီးချုပ် နဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ကြောင်း ဖေါ်ပြထားပါတယ်။
တော်လှန်ရေး ကိုတော့ အောင်တဲ့အထိ တတ်နိုင်တဲ့ဘက်က ဆက်လက် ကြိုးစား ပါဝင်သွားမှာ ဖြစ်ကြောင်း ကတိပြုထားပါတယ်။
—————————
THN Public Media
