နိုင်ငံရေး

ဒေါ်ကြည်ပြာ အဂတိ လိုက်စားမှုမရှိခဲ့ အပါအဝင် သတင်းစာရှင်းလင်းပွဲ က ဖေါ်ပြချက်များ

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆

NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း ဖြစ်သူတို့ကို ဝန်ထမ်းတွေက အဂတိလိုက်စားမှု အပါအဝင် တခြား အမှုတွေနဲ့ တိုင်ကြားခဲ့တာ နဲ့ ပတ်သက်ပြီး စုံခုံအဖွဲ့ရဲ့ စုံးစမ်းစစ်ဆေး တွေ့ရှိတွေ အပေါ် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

စုံခုံ အဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုး က ဦးဆောင် ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲ ကနေ ဒေါ်ကြည်ပြာ အဂတိ လိုက်စားမှု မရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။

ကားဝယ် ခွေးမွေး လက်ဝတ်ရတနာ ဝယ်ယူတာတွေဟာ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေ နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ ငွေတွေကို အလွဲသုံးစားပြုလုပ် ဝယ်ယူ ခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာ ဟာ နှုတ်နဲ့ ပြောဆိုတဲ့ နေရာမှာ ချိုသာမှု မရှိဘဲ ပြောဆို ဆက်ဆံခဲ့တာ ကိုသာ တွေ့ရကြောင်း ဖော်ပြပါတယ်။

#အလွဲသုံးစား လုပ်မှု နဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာ အနေနဲ့ သူ့အမျိုးသား အပါအဝင် ဆွေမျိုးသားချင်း တချို့ကို တရုံးထဲမှာ ရာထူးတာဝန် ပေးအပ် ထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

“ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရ အတွင်း မလျော်ဩဇာသုံး လွှမ်းမိုး ခြယ်လှယ် ဆောင်ရွက်နေမှုများ” ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေ အထောက် အထား မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေါ်ကြည်ပြာရဲ့ ခင်ပွန်း #ဦးညီညီမင်း ဟာ ရုံးတွင်း Sexual Harassment လုပ်ခဲ့တယ် ဆိုတဲ့ တိုင်ကြားချက် နဲ့ ပတ်သက်ပြီး ကိုယ်ထိ လက်ရောက် မဟုတ်ပေမယ့် NUG ရဲ့ PSHEA Policy အရ ငြိစွန်း ဖောက်ဖျက်မှု ရှိကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ အရ ဒေါ်ကြည်ပြာကို သတိပေးဖို့၊ ဒေါ်ကြည်ပြာ ခင်ပွန်းနဲ့ တူ ၂ ဦးကို တာဝန်ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်ကြားမှုမှာ ပါတဲ့ ဝန်ထမ်း ၄ ဦး ကိုလည်း စုံစမ်းရေး ကာလမှာ ကျင့်ဝတ် ဖောက်ဖျက်လို့ စာနဲ့ သတိပေးတာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်တလောမှာ ဒေါ်ကြည်ပြာကို ရာထူးကနေ ယာယီရပ်နားထားဆဲဖြစ် တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *