နိုင်ငံတကာ

ဒေါ်နယ်ထရမ့် Mar-a-Lago စံအိမ် ခြံဝန်းထဲ ဝင်လာသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံး

ဖေဖေါ်ဝါရီ ၂၂ – ၂၀၂၆

ဖလော်ရီဒါမှာ လုံခြုံရေးအစီအမံတွေ ထားရှိတဲ့ သမ္မတထရမ့် ရဲ့ Mar-a-Lago စံအိမ် ဝင်းထဲကို ကျူးကျော် ဝင်ရောက်လာတဲ့ အမျိုးသား တဦးကို လုံခြုံရေးက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ လုံခြုံရေးဌာန က ပြောပါ တယ်။

Mar-a-Lago စံအိမ်ဝင်း ဂိတ်တခုမှာ တားဆီးခံရစဥ် အဲဒီ သံသယ ရှိသူမှာ ကိုးလုံးကျည် သေနတ် နဲ့ ဆီပုံးတပုံး တွေ့ရှိ ရတယ်လို့ အရာရှိတွေက ပြောပါ တယ်။

FBI အဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီပေးနေပြီး သက်သေ အထောက် အထားတွေကို စုဆောင်း နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားနေချိန်မှာ အမေရိကန်သမ္မတ ဟာ ဖလော်ရီဒါ ပြည်နယ် မှာ မရှိဘူးလို့ တာဝန်ရှိသူများက အတည်ပြုခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *