ဧပြီ ၂၁ – ၂၀၂၆
အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ ရေးရာ ပြောခွင့်ရသူ Anita Hipper က ဒေါ်အောင်ဆန်းစုကြည် နဲ့ မတရားဖမ်းဆီး ထိန်းသိမ်း ထားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
X လူမှုကွန်ရက် ကနေ တောင်းဆိုထားတာ ဖြစ်ပြီး ဦးဝင်းမြင့် နဲ့ တခြား နိုင်ငံရေး အကျဥ်းသားတွေ လွတ်ငြိမ်းခွင့်ပေးခဲ့တာ အပါအဝင် သေဒဏ် ချမှတ် ခံထားရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အတွက်ကို ကြိုဆို ကြောင်းလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
