မေလ ၃ – ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျန် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ EU က ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့ သတင်းကို EU က ကြားသိရကြောင်း၊ သူမ၏ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာ ကောင်းမွန်စေရန် အပြည့်အဝ အလေးထားဖို့၊ မိသားစုနဲ့ ရှေ့နေတွေ ပုံမှန်တွေ့ဆုံခွင့် ပေးဖို့တို့ကို EU က တောင်းဆိုပါကြောင်း EU နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Anitta Hipper က X မှာ ရေးသား ဖေါ်ပြထားပါတယ်။
—————————
THN Public Media
