ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ ကို မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲ လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ကလေး (၂) ဦး သေဆုံးပြီး ကလေး (၆) ဦး အပါအဝင် (၉) ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA တအာင်းတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် ပြည်သူလူထု နေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီး သွားခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။