နိုင်ငံတကာ

နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲ ယူဂန်ဒါနိုင်ငံဖွား ဇိုရန် မမ်ဒါနီ အနိုင်ရ

New York City mayoral candidate Zohran Mamdani waves during a campaign rally at Forest Hills Stadium in the Queens borough of New York City on October 26, 2025. New Yorkers will cast their votes for mayor on November 4, 2025. Mamdani, the Democratic candidate, is the current frontrunner ahead of former New York Governor and independent candidate Andrew Cuomo and Republican candidate Curtis Sliwa. (Photo by ANGELA WEISS / AFP) (Photo by ANGELA WEISS/AFP via Getty Images)

နိုဝင်ဘာ ၅ – ၂၀၂၅

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ အသက် ၃၄ နှစ်အရွယ် ဒီမိုကရက်တဦးဖြစ်သူ ယူဂန်ဒါနိုင်ငံဖွား ဇိုရန် မမ်ဒါနီက အနိုင်ရရှိသွားပါတယ်။

မမ်ဒါနီ ဟာ တသီးပုဂ္ဂလ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက် ဖြစ်တဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အင်ဒရူး ကူမို ကို အနိုင်ယူကာ အမေရိကန်ရဲ့ အကြီးဆုံးမြို့ကို ဦးဆောင်မယ့် ရာစုနှစ် တခုကျော် အတွင်း အသက်အငယ်ဆုံး နယူးယောက် မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော့် မိတ်ဆွေများ ခင်ဗျာ ကျွန်တော်တို့ဟာ နိုင်ငံရေး မင်းဆက် တခုကို ဖြုတ်ချနိုင်ခဲ့ပါပြီ” လို့ ကိုယ့်ကိုယ်ကို ဒီမိုကရက်တစ် ဆိုရှယ်လစ် လို့ ဆိုတဲ့ မမ်ဒါနီက အောင်ပွဲခံ မိန့်ခွန်းပြောကြားစဉ် ပရိသတ်ကို ပြောကြားခဲ့ ပါတယ်။

မမ်ဒါနီ ဟာ မဲဆွယ်စည်းရုံးရေးမှာ လူထု စရိတ်တတ်နိုင်ရေး ကို အဓိက သတင်းစကား အဖြစ် အသုံးပြုခဲ့ပြီး ဝင်ငွေများသူတွေနဲ့ ကော်ပိုရေးရှင်း ကြီးတွေ အပေါ် အခွန်အသစ်တွေ ကောက်ခံပြီး လူမှုအစီအစဉ် တွေကို တိုးချဲ့ဖို့ ကတိပြုခဲ့ပါတယ်။

နယူးယောက်မှာ မမ်ဒါနီ ဟာ ပြည်နယ် လွှတ်တော် အဖွဲ့ဝင်တဦး နယူးယောက် မြို့ကို ဦးဆောင်မယ့် ပထမဦးဆုံးသော တောင်အာရှသား တဦး ဖြစ်သလို မွတ်ဆလင် တဦးလည်း ဖြစ်ပါတယ်။

မြို့တော်ဝန် အောင်ပွဲခံမိန့်ခွန်းမှာ မမ်ဒါနီက “ကျွန်တော်တို့ မှတ်မိ သလောက် နယူးယောက်ရဲ့ အလုပ်လုပ်ကိုင်နေသူတွေကို ချမ်းသာပြီး အဆက်အသွယ် ကောင်းသူတွေက အာဏာဟာ သူတို့လက်ထဲမှာ မရှိဘူး လို့ ပြောခဲ့ပါတယ်” လို့ ပြောပါတယ်။

“အနာဂတ်ဟာ ကျွန်တော်တို့လက်ထဲမှာ ရှိပါတယ်” “လူတိုင်းအတွက်” အလုပ်လုပ်မယ့် အစိုးရ တရပ်ကို ဖန်တီးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ လူငယ်မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ခဲ့ သလို အမေရိကန် ဒီမိုကရက်တစ်ပါတီ ရဲ့ အနာဂတ် လမ်းကြောင်းနဲ့ ပတ်သက်ပြီး အချေ အတင် ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီမိုကရက်တွေဟာ ဗာဂျီးနီးယား နဲ့ နယူးဂျာစီ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာလည်း အနိုင်ရရှိခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယား က မဲဆန္ဒရှင်တွေကတော့ လာမယ့်နှစ် ကြားဖြတ် ရွေးကောက်ပွဲတွေ မတိုင်မီ ကွန်ဂရက်လွှတ်တော်ရဲ့ ရွေးကောက်ပွဲမြေပုံကို ပြန်လည် ရေးဆွဲဖို့ အဆိုပြုချက်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

မြို့တော်ဝန် မဲပေးမှု မတိုင်ခင် ရက်ပိုင်းအလိုတုန်းကတော့ မမ်ဒါနီ အနိုင်ရ ပါက နယူးယောက်မြို့အတွက် ဖက်ဒရယ် ရန်ပုံငွေတွေ ရပ်ဆိုင်းပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ကပြောကြားခဲ့တဲ့ အတွက် တခြားသူတွေ ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ မမ်ဒါနီကို ကွန်မြူနစ် လို့ ခေါ်ဆိုခဲ့ပေမယ့် မမ်ဒါနီက တော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *