နိုင်ငံရေး အင်တာဗျူး

‘’နိုင်ငံရေးဆိုတာ အနုပညာတရပ်ပဲ’’ ဆိုတဲ့ ရွေးကောက်ပွဲဝင်မယ့် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့ သီးသန့်မေးမြန်းခန်း

‘’ဗမာပြည်နိုင်ငံ‌‌ရေးသမိုင်းမှာ… အတိုက်အခံ ပထမဆုံး အာဏာရတာသည် ရွေးကောက်ပွဲ နည်းလမ်းနဲ့ရတာ… လက်နက်ကိုင်နည်းလမ်းနဲ့ ရတာ မဟုတ်ဘူး…’’

‘’ရွေးကောက်ပွဲ ဆန့်ကျင်မယ်ဆိုရင်… ဘာလုပ်မှာလဲ…ဆိုတာ… လမ်းစဥ် တိတိကျကျ ရှိဖို့ လိုတယ်…’’
‘’တခွန်တည်းမေးမယ်… ဘာဖြစ်ချင်တာလဲ…’’

ဦးကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဌ)

တော်လှန်ရေး အင်းအားစုတွေက ကန့်ကွက်ဆန့်ကျင်နေတဲ့ အငြင်းပွားဖွယ် စစ်ကော်မရှင် ရဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ဟာ

အင်မတန် တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွတ်လွတ် ကျွတ်ကျွတ် ဝင်ပြိုင်ခွင့်ရဖို့ သေချာရဲ့လား…

၂၀၁၀ အခင်းအကျင်းလို ပြည်ခိုင်ဖြိုး အနိုင်ရဖို့ အတွက်ပြင်ဆင်ထားတဲ့ ဒီရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ အနိုင်ရဖို့ အလားအလာ…

NLD NDF မရှိတဲ့အတွက် ပြည်သူ့ပါတီ ရဲ့ အခွင့်အလမ်းလား…

ရွေးကောက်ပွဲ အလွန် စစ်ရေး နိုင်ငံရေး ပဋိပက္ခတွေ အတွက် လုပ်ငန်းစဥ်…

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်/ကျဥ်းတွေ ပြန်လွတ်ရေး ဘာတွေ လုပ်ဆောင်မလဲ….

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြည်သူ့ပါတီက နိုင်/ကျဥ်းလို့ သတ်မှတ်လား…

တပ်ချုပ်က ဦးကိုကိုကြီးကို ရွေးကောက်ပွဲ အလွန် အရွေ့ အတွက် ထည့်စဥ်းစားထားလား….

တနိုင်ငံလုံး အပစ်ရပ်ရေး ပြည်သူ့ပါတီ က လုပ်ဆောင်မလား…

မဲဆန္ဒရှင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အတွက် သတင်းစကား…

စတဲ့ အမေးတွေအတွက် ဦးကိုကိုကြီးက အလေးအနက် ဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *