မတ်လ ၁၆ – ၂၀၂၆
စစ်တပ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် တတိယအကြိမ် ပြည်သူ့လွတ်တော်ကို နေပြည်တော်မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း တက်ရောက်တဲ့အတွက် အစည်းအဝေး အထမြောက်တယ်လို့ သဘာပတိက ကြေညာသွား ပါတယ်။
ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီက အများစု အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ နဲ့ ဒုဥက္ကဌ တို့ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲကို အသိအမှတ် မပြုသလိုအခု ခေါ်ယူတဲ့ လွှတ်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
—————————
THN Public Media
